အင်းစိန်ထောင် ပင်မဂိတ်အနီး လမ်းတစ်ဖက်ခြမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
339

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်‌မြို့နယ် ၊ လှိုင်မြစ်လမ်း ပေါ်ရှိ အင်းစိန်ထောင်ရှေ့တွင် ယနေ့ ဒီဇင်ဘာလ (၂၇) ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှိုင်မြစ်လမ်းပေါ်ရှိ အင်းစိန်ထောင်ပင်မဂိတ်အနီး ၊ လမ်းတစ်ဖက်ခြမ်းရှိ CB ဘဏ်ရှေ့တွင် ယနေ့ နေ့လယ် (၁၂) နာရီ (၅၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

“ အင်းစိန်ထောင် အဓိက ဝင်ပေါက်တစ်ဖက်အခြမ်းက CB Bank ရှေ့နားမှာဖြစ်သွားတာပါ။ ပေါက်ကွဲမှုကတော့ ပြင်းတယ် လူထိခိုက်သံတော့ မကြားဘူး။ ကားတစ်စီးတော့ တော်တော်လေးပျက်စီးသွားပါတယ်” ဟု အင်းစိန်ထောင်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ ကားတစ်စီး ထိခိုက်မှုရှိခဲ့သည်ဟု ကနဦးသိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁၉) ရက်ကလည်း အင်းစိန်ထောင်ပင်မဂိတ်ရှိ ထောင်ဝင်စာလက်ခံသည့်နေရာတွင် ဗုံးပေါက်ကွဲမှုကြောင့် (၈)ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီး ထောင်ဝန်ထမ်းများအပါအဝင် (၁၈) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ – ယခင်ပုံဟောင်းဖြစ်သည်


LEAVE A REPLY

Please enter your comment!
Please enter your name here