ထိုင်းတောင်ပိုင်းရေကြီး၊ လူခြောက်ဦး‌ေ-သဆုံးပြီးသောင်းချီရေဘေးသင့်

0
169
A house is seen submerged in floodwaters following heavy rain in Thailand's southern province of Narathiwat on December 25, 2023. - Floods caused by intense rainfall have affected tens of thousands of people in Thailand's deep south, officials said December 25, with some roads and railway lines forced to close. (Photo by Madaree TOHLALA / AFP)

ဘန်ကောက်၊ဒီဇင်ဘာ ၂၇

ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် လူ ခြောက်ဦး‌ေ-သဆုံးခဲ့ပြီး သောင်းနှင့်ချီသော အိမ်​​ထောင်စုများ ရေဘေးသင့်ခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်ကစတင်ခဲ့သော အဆိုပါရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၇၀,၀၀၀ ခန့် ထိခိုက်ပျက်စီးကာ အသက် ၈၉ နှစ်အရွယ်အဘွားတစ်ဦးနှင့်လမ်းလျှောက်တတ်စ အရွယ်ကလေ-းငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးအထိ‌ေ-သဆုံးခဲ့ကြောင်းသိရသည်။

အချို့‌နေရာများတွင် ရေအမြင့် ၃ မီတာအထိမြင့်တက်နေပြီး ပျောက်ဆုံးနေသူတစ်ဦးလည်းရှိသည်ဟုသိရသည်။ဒေသတွင်းမီဒီယာများဖော်ပြချက်အရ အချို့နေရာများတွင် ရွှံ့ရေများဝင်ရောက်နေသည့်အတွက် အိမ်ရှင်များမှာ ခေါင်မိုးပေါ်တွင်နေနေကြရသည်ဟုလည်းဖော်ပြထားသည်။

သို့သော် ဗုဒ္ဓဟူးနေ့မှစ၍ ရေပြန်ကျနိုင်မည်ဖြစ်ကြောင်းအာဏာပိုင်များမှတွက်ချက်ထားပြီး မလေးနယ်စပ်ရှိ ရထားလမ်းအချို့ကိုလည်းပုံမှန်အတိုင်းပြန်ပြေးဆွဲနေပြီဟုဆိုသည်။

ထိုင်းနိုင်ငံ၌ ၂၀၁၁ ခုနှစ်ကလည်း အကြီးအကျယ်ရေလွှမ်းမိုးမှုကြောင့် နိုင်ငံတစ်ဝန်း ရာနှင့်ချီသောလူများ‌ေ-သဆုံးခဲ့ပြီး နေအိမ်သန်းပေါင်းများစွာပျက်စီးခဲ့သည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here