အမေရိကန်ဖျက်သင်္ဘောနှင့် F-18 တိုက်လေယာဉ်များက ဟူသီတို့၏ ဒရုံးများနှင့် ဒုံးကျည်များကို ပစ်ချ

0
209

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းနှင့် F-18 တိုက်လေယာဉ်များက အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များ ပင်လယ်နီတွင် ၁၀ နာရီခန့်ကြာသည်အထိ တိုက်ခိုက်ပစ်ခတ်ခဲ့သော မောင်းသူမဲ့လေယာဉ် နှင့် ဒုံးကျည် စုစုပေါင်း ၁၇ စင်းတို့ကို ပစ်ချခဲ့ကြောင်း သိရသည်။ ယင်းသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို နှောင့်ယှက်နေသည့် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များအပေါ် နောက်ထပ် အောင်ပွဲတစ်ခု ရယူအရှိန်မြှင့်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်က ပြောသည်။

ဟူသီတို့သည် တစ်လမ်းသွား တိုက်ခိုက်ရေး ဒရုန်း ၁၂ စင်း၊ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် ၃ စင်းနှင့် မြေပြင်အခြေစိုက် ခရုဇ်ဒုံးကျည် ၂ စင်းတို့ဖြင့် ၁၀ နာရီကြာ တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်း အမေရိကန် ပင်တဂွန်က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်ရေတပ်မှဖျက်သင်္ဘော USS Laboon နှင့် F-18 Super Hornet တိုက်လေယာဉ်များ အပါအဝင် အမေရိကန်တပ်ဖွဲ့များ၏ ဟူသီတို့၏ ကြိုးပမ်းမှုတိုင်းကို ပစ်ချခဲ့သည်ဟုလည်း ပင်တဂွန်က ပြောကြားခဲ့သည်။

နောက်ထပ် ကြိုးပမ်းမှုရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အဆိုပါ ဧရိယာအတွင်း သင်္ဘောများ ပျက်စီးခဲ့ပြီး တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် ပင်လယ်နီတဝိုက်တွင် အမေရိကန်တပ်များနှင့် ဟူသီလက်နက်ကိုင်များအကြား လက်ရှိအချိန်အထိ နောက်ဆုံးသိရသောတိုက်ပွဲဖြစ်သည်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များသည် ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုနှင့် ကျူးကျော်မှုကို ဆန့်ကျင်ကြောင်း အကြောင်းပြချက်ဖြင့် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ အစ္စရေးရေပိုင်နက်အတွင်းရှိ ကုန်တင်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

ကုန်တင်သင်္ဘောလမ်းကြောင်းများပေါ်တွင် တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန်အတွက် အမေရိကန်တပ်ဖွဲ့များသည် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက လွန်ခဲ့သည့်သီတင်းပတ်တွင် အတည်ပြုပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here