အညာဒေသ စစ်ဘေးရှောင်ပြည်သူ (၄၀၀)ကျော်အတွက် အနွေးထည်နှင့်စောင်များမြေပြင်အရောက် S&C အဖွဲ့လှူဒါန်း

0
176

အညာဒေသ စစ်ဘေးရှောင်ပြည်သူ
(၄၇၁)ဦးအတွက် အနွေးထည်နှင့်စောင်များကို စစ်ဘေးမီးဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့( S&C) က မြေပြင်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း ယင်းအဖွဲ့ထံ က သိရသည်။

အဆိုပါ လှူဒါန်းမှုအား ယမန်နေ့ ဒီဇင်ဘာ (၂၇)က အညာဒေသရှိ စစ်ဘေးသင့် ၊မီးဘေးသင့်ပြည်သူများထံသို့ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။

” ဆောင်းရာသီမှာ အညာဒေသက သူတွေအတွက် အရမ်းကို အထောက်အကူဖြစ်ပါတယ်။ ဒါကအရင်ရောက်ရှိလာတဲ့အနွေးထည်တွေပါ။ အညာက ပြည်သူတွေ တစ်ခါတလေ စစ်ဘေးရှောင်ရတာရော၊ တောတက်တာရောမှာ ဆိုင်ကယ်တွေနဲ့ဆိုတော့ လေလုံမိုးလုံအောင်ဖြစ်ပါတယ်”ဟု ယင်းအဖွဲ့၏ မြေပြင်တာဝန်ခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ဘေးမီးဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့( S&C)အနေဖြင့် အညာဒေသရှိ စစ်ရှောင်ပြည်သူများလိုအပ်သည့်နေရာများတွင် ထောက်ပံ့ပေးလျက်ရှိပြီး၊ ပိုးထိလူနာ (၂၇)ဦး အတွက်လည်း မြွေဆိပ်ဖြေဆေးများ ထိုးနှံပေးခြင်းဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အညာဒေသ စစ်ရှောင်ပြည်သူများအတွက် တန်ဖိုးနည်းအိမ်အလုံးပေါင်း (၁,၀၁၅ )လုံးကိုလည်း ဆောက်
လုပ်လှူဒါန်းထားပြီး၊ လက်ရှိတွင် ရွှေ့လျားနေအိမ်နှင့် ရွှေ့လျားစာကြည့်တိုက်များလှူဒါန်းပေးရန်စီစဉ်လျက်ရှိသည်။

အညာဒေသရှိ စစ်ရှောင်ပြည်သူများအနေဖြင့် တောထဲတောင်ထဲတွင် ဖြစ်သလိုနေထိုင်ကြရသဖြင့် ယင်းသို့‌သောလိုအပ်ချက်အား ဖြည့်ဆည်းပေးခြင်းဖြစ်ရာ စစ်ရှောင်များအဆင်ပြေစွာ အလွယ်တကူ ယာယီဆောက်လုပ်နေနိုင်မည်ဖြစ်ကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here