ကျိုက်ထီးရိုးစေတီတော်ပေါ်ရှိ သဘာဝ ဓမ္မဂယာတရားရိပ်သာအတွက် ထာဝရရေအလှူရှင်ဖိတ်ခေါ်

0
194

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးစေတီတော်ပေါ်ရှိ သဘာဝဓမ္မဂယတရားရိပ်သာအတွက် လိုအပ်လျက်ရှိသော ထာဝရရေကုသိူလ် အလှူရှင်များကိုဖိတ်ခေါ်ကြောင်း စခန်းလေး ဘောဂသိဒ္ဓိတောရ ကျောင်းဆရာတော် ဦးနန္ဒသာမိ က မိန့်သည်။

အဆိုပါ ရေအလှူရှင်များဖိတ်ခေါ်မှုသည် ယခု ၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖိတ်ခေါ်ခြင်းဖြစ်ပြီး၊ ရေသွယ်ပိုက် (၁)ပေလျှင် (၅၀၀၀)ကျပ်ဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ သဘာဝဓမ္မဂယတရားရိပ်သာတွင် ရဟန်းသာမဏေများအပါအဝင် သီလရှင်ဆရာကြီး ဆရာလေးများ၊ ယောဂီများ တရားအားထုတ်လျှက်ရှိပြီး၊ နွေရာသီရောက်ချိန်၌ နေ့ညမပြတ်ရေအခက်အခဲဖြစ်ပေါ်နေရာ ၊ ယင်းပြဿနာဖြေရှင်းရန် ရေအလှူတော် ဖိတ်ခေါိရခြင်းဖြစကြောင်း ဆိုသည်။

လက်ရှိတွင် ကျောင်းမှ ရေရရှိစေရေး
ရှာဖွေရာတွင် ပေပေါင်း (၂,၁၀၀.)ခန့် ချိုင့်ဝှမ်း၌ ရေရှာဖွေတွေ့ရှိခဲ့ပြီး၊ ရေများကို ကျောင်းသို့ရောက်အောင် တင်ဖို့ရန် ရေကန်များ အဆင့်ဆင့်ပြုလုပ်ခြင်း၊ စက်များဆင်ခြင်း၊ ရေသံပိုက်များ သွယ်ယူခြင်းလုပ်ငန်းတို့ကို ပြုလုပ်ရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။

ထို့အတွက် ထာဝရရေကုသိုလ် ပြုနိုင်ရန်
ကုသိုလ်ယူလှူဒါန်းလိုပါက 09420432017 သို့ဆက်သွယ်၍ လည်းကောင်း၊ တောရကျောင်းတိုက်သို့ လူကိုယ်တိုင်လာရောက်၍သော် လည်းကောင်းလှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here