မွမ်ဘိုင်း၌ ကျင်းပမည့် Plexconnect 2024 ပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းများ ပါဝင်ပြသရန် ဖိတ်ခေါ်

0
291

ပလတ်စတစ်ပို့ကုန်မြှင့်တင်ရေးကောင်စီ (Plexconcil) သည် ကူးသန်းရောင်းဝယ်ရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံအစိုးရနှင့်ပူးပေါင်း၍ Plexconnect 2024 ပြပွဲကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Plexconnect 2024 ကို ၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက် မှ (၉) ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း လာရောက်ကာ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ Plexconnect 2024 ပြပွဲ၌ နိုင်ငံပေါင်း (၁ဝဝ)ကျော် မှ ဝယ်ယူသူ (၉ဝဝ) ကျော် ပါဝင်တက်ရောက်ပြီး Trade Visitor ပေါင်း (၂၅၀၀၀) ကျော်၊ ပါဝင်ပြသသူပေါင်း (၅ဝဝ) ကျော်အတွက် ကွန်ရက်ချိတ်ဆက်မှုနှင့် လုပ်ငန်းအခွင့်အလမ်းများရရှိ နိုင်မည်ဖြစ်ကြောင်း သိရသည်။

Plexconnect 2024 ၌ ပါဝင်ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Website: www. plexconcil.org/plexconnect/ နှင့် https://ww w.pl exconcil.org/plexconnect/ buyer-details သို့ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲသို့ တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Mr.Ruban Hobday, Regional Director, E-mail: [email protected] သို့ ဆက်သွယ်မေးမြန်း၍ Registration ပြုလုပ်နိုင်ပြီး UMFCCI အသင်းသာရေးရာဌာန၊ ပြပွဲဌာနစိတ် E-mail: itpe, umfeci@gm ail.com ၊ ဖုန်း ၀၁-၂၃၁၄၃၄၄ (Ext: ၃ဝ၁) သို့ အမည်စာရင်းပေးပို့နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here