ပင်လုံမြို့ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း ဒုဥက္ကဋ္ဌဦးတင်ထွန်းနှင့် သမီးကြီး အပါအဝင် (၄) ဦး ဖုန်းဆိုင်ဓ-ားပြတိုက်သူများ၏ လက်ချက်ကြောင့် ‌ေ-သဆုံးခဲ့ရ

0
371

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ယမန်နေ့ ဒီဇင်ဘာ (၂၇) ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့သည့် ဖုန်းဆိုင်ဓ-ားပြတိုက်မှုဖြစ်စဉ်တွင် ဆိုင်ရှင်ဖြစ်သူ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း ဒုဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် ၎င်း၏ သမီးကြီး အပါအဝင် (၄) ဦး အသက်ဆုံးပါးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ဒီဇင်ဘာ (၂၇) ရက်၊ ည(၇) နာရီဝန်းကျင်တွင် ပင်လုံမြို့ဈေး အရှေ့တန်းရှိ ဦးတင်ထွန်းပိုင် ဖုန်းဆိုင်သို့ ဓ-ားပြတိုက်သူ (၂) ဦးက ဝင်ရောက် ဓ-ါးပြတိုက် လုယက်ကာ ‌ေ-သနတ်ဖြင့် အနီးကပ်ပ-စ်ခ-တ်မှုကြောင့် ဦးတင်ထွန်းအပါအဝင် (၄) ဦး အသက်ဆုံးပါးခဲ့ရခြင်း ဖြစ်သည်။

” ဖြူစင်မေတ္တာ နာကူအသင်းရဲ့ ဒုဥက္ကဋ္ဌပါ။ သူ့ရဲ့ သမီးကြီးရယ် ၊ ဝန်ထမ်း (၂) ဦးရယ် ၊ စုစုပေါင်း (၄) ဦး ‌ေ-သဆုံးခဲ့တာပေါ့နော်။ ဓ-ားပြသမားက (၂) ယောက်လာတာပေါ့။ ‌ေ-သနတ်နဲ့ ပစ်တာကတော့ တစ်ယောက်တည်းပါပဲ” ဟု ဦးတင်ထွန်းနှင့် နီးစပ်သူ ပင်လုံမြို့ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့် CCTV မှတ်တမ်းအရ ဓ-ားပြတိုက်ရန်လာသည့် ‌ေ-သနတ်သမားသည် ဆိုင်ပိတ်ရန် ပြင်ဆင်နေသည့် အမျိုးသမီး (၂) ဦးကို ဆိုင်ရှေ့၌ အနီးကပ် ပ-စ်ခ-တ်ခဲ့ပြီး အမျိုးသမီး (၂) ဦး လဲကျသွားချိန်တွင် ဆိုင်ထဲသို့ပါ ဝင်ရောက် ပ-စ်ခ-တ်ခဲ့သည်ကို တွေ့မြင်ရသည်။

CCTV မှတ်တမ်းအရ အမျိုးသမီးတစ်ဦးမှာ ‌ေ-သနတ်ဖြင့် ပ-စ်ခ-တ်ခံရချိန်တွင် ချက်ချင်း ‌ေ-သဆုံးခြင်း မရှိသေးဘဲ ဆိုင်အတွင်းသို့ ဝင်ပြေးရန်ကြိုးစားနေသည်ကို ဓ-ားပြတိုက်သူ ‌ေ-သနတ်သမားက ထပ်ဆင့်ပ-စ်ခ-တ်မှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ရသည်။

ယင်းကဲ့သို့ ဆိုင်ရှေ့မှ အမျိုးသမီးနှစ်ဦးအား ပ-စ်ခ-တ်ပြီးနောက် ‌ေ-သနတ်သမားသည် ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ပ-စ်ခ-တ်မှုများ ဆက်လက်ကျူးလွန်ခဲ့သည်ကိုလည်း CCTV မှတ်တမ်း၌ တွေ့မြင်ရသည်။

‌ေ- သနတ်သမား ဆိုင်အတွင်းသို့ ဝင်သွားချိန်၌ နောက်ထပ် အမျိုးသားတစ်ဦး ထပ်မံရောက်ရှိလာကာ ‌ေ-သနတ်ဖြင့် ပ-စ်ခ-တ်ခံရသည့် အမျိုးသမီး (၂)ဦးထံမှ ကျနေသည့်ပစ္စည်းများကို ယူဆောင်နေသည်ကို တွေ့ရပြီး ဆိုင်အတွင်းဘက်သို့ ဝင်ရောက်သွားသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် အဆိုပါ လူသ-တ်ဓ-ါးပြတိုက်မှု ကျူးလွန်ခဲ့သူများမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့များက ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ – U Sai Yong/Internet


LEAVE A REPLY

Please enter your comment!
Please enter your name here