ရွာအလှူလှည့်သည့်ဆင် မုန်ယိုပြီးထွက်ပြေးမှုကြောင့် မြက်ရိတ်နေသည့် အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး ဆင်နင်းခံရပြီး ေ-သဆုံး

0
395

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ရွာအလှူလှည့်ရာတွင် အသုံးပြုနေသည့် ဆင်မှာ မုန်ယိုပြီးထွက်ပြေးခဲ့မှုကြောင့် မြက်ရိတ်နေသည့် အသက် (၆၀) အရွယ်အမျိုးသားတစ်ဦး ခေါင်းဆင်နင်းခံရပြီး ေ-သဆုံးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက်က အုတ်တွင်းမြို့နယ်၊ မအူပင်ကျေးရွာရှိ ရွာအလှူတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလှူဝတ်လှည့်သည့် ဆင်မှာ မုန်ယိုပြီး ထွက်ပြေးလာရာမှ အုန်းပင်ကျေးရွာ သံတံတားအနီး ကိုင်းကွက်တွင် မြက်ရိတ်နေသော အုန်းပင်ကျေးရွာနေသူ ဦးစိန်ဝင်းအား တက်နင်းမိခဲ့ခြင်းဖြစ်ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှူအသင်း ထံမှသိရသည်။

ဆင်နင်းခံရမှုကြောင့် မြက်ရိတ်နေသော ဦးစိန်ဝင်း အသက် (၆၀) မှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့မှာ ပြားသွားပြီး နေရာ၌ပင် ပွဲချင်းပြီး‌ေ-သဆုံးသွားသည့်အတွက် ရင်ခုန်သံ အဖွဲ့မှ De@d body Bag ဖြင့် စနစ်တကျထုပ်ပိုးသယ်ဆောင်ပြီး အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here