မုံရွာမြို့တွင် ကားနှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသား ထိခိုက်ဒဏ်ရာများရခဲ့ပြီး ကားမှာ မောင်းနှင်ထွက်ပြေး

0
198

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် ကြက်များတင်လာသည့် ကားနှင့် ဆိုင်ကယ်တို့ တိုက်မိခဲ့ရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)ထံမှ သိရသည်။

မုံရွာမြို့၊ ဗိုလ်တေဇလမ်း၊ မန်းကျည်းအုပ်ဘုန်းကြီးကျောင်းအနီးတွင် ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက် (၈) နာရီခွဲ အချိန်ခန့်က ကားနှင့် ဆိုင်ကယ် တိုက်မိခဲ့ပြီး အမျိုးသား လူနာတစ်ဦးရှိကြောင်း ဖုန်းဆက်အကြောင်းကြားချက်အရ ကွပ်ကဲရေးရုံးမှ အရေးပေါ်လူနာတင်ယာဉ်တစ်စီး ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ တိုက်မိတဲ့ ကားက ကြက်ကား ဖြစ်ပြီး မောင်းပြေးသွားတယ်။ လိုအပ်တဲ့ မြေပြင် ဆေးကုသမှု တွေလုပ်ဆောင်ပေးပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အရ ထိခိုက်ဒဏ်ရာရ အမျိုးသား လူနာတစ်ဦးကို လိုအပ်သည်များ ပြုစုပေးကာ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here