လှည်းတန်းတွင် နေအိမ်ဖောက်ထွင်းခံရမှုကြောင့် iPhone များအပါအဝင် ငွေကျပ် သိန်း (၁၀၀) ခန့်ပါသွား

0
320

ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း ၊ ခိုင်ရွှေဝါလမ်းရှိ (၅)လွှာ လူနေတိုက်ခန်းကို နောက်ဖေး အရေးပေါ်လှေကားမှဝင်၍ ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူမူဖြစ်သွားကြောင်း သိရသည်။

ဖောက်ထွင်းခံရမှုကြောင့် iPhone များအပါအဝင် ငွေကျပ်သိန်း (၁၀၀) ခန့်ပါသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ အကုန်ပါသွားပါတယ်။ အိမ်မှာ လူခုနှစ်ယောက် အိပ်ပါတယ်။ တိုက်ခန်း(၅)လွှာကို တက်ခိုးတာပါ၊ ညကအိမ်မှာလူခုနှစ်ယောက်အိပ်ပါတယ်။ တစ်ယောက်မကျန် ဖုန်းတွေအကုန်ခိုးသွားပါတယ်။ ညီမမောင်လေး မြင်လိုက်ပေမဲ့ လုံးဝပြန်အိပ်ပျော်သွားပါတယ်။ အိပ်မွေ့ချခံရတယ်လို့ထင်ပါတယ်။နားက နားကပ်ကိုတောင် ဖြုတ်ယူသွားတဲ့ အထိပါ” ဟု ဖောက်ထွင်းခံရသည့် နေအိမ်မှ မိသားစုဝင်တစ်ဦးက အသိပေးထားသည်။

ထိုသို့ ဖောက်ထွင်းခံရမှုကြောင့် iPhone 14 pro -128၊ iPhone 11pro max -256၊ iPhone 11 -128၊ iPhone 12 -128၊ Oppo ၊ Samsung A15၊ Vivo Y21 စုစုပေါင်း ဖုန်း (၇) လုံးပါသွားပြီး လက်ဝတ်လက်စားများနှင့် စုစုပေါင်း ကျပ်သိန်း ၁၀၀ ဖိုးခန့် ပါသွားကြောင်း သိရသည်။

နေအိမ် ဖောက်ထွင်းသူများသည် ယင်းတို့မလိုချင်သည့် အရာများအား အနောက်ဘက်လှေကားတွင် ပြန်ချသွားခဲ့ပြီး မင်္သကာစရာ လာရောက်ရောင်းမှုများရှိပါက 09750811603 သို့ ဆက်သွယ်ပေးပါရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here