ဒီဇင်ဘာလအတွင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်းဖိုး ကုန်သွယ်မှု ဆောင်ရွက်ခဲ့

0
145

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလ (၁) ရက်မှ (၂၆) ရ က်အထိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀ ဒသ မ ၃၃၆ သန်းဖိုး ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလ (၁) ရက်မှ (၂၆)ရက်အထိ ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၀၂ သန်း စုစုပေါင်း ကုန်သွ ယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂၅) ရက် တစ်ရက်တည်းတွင် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုအနေဖြင့် ဒေါ်လာ ၀ ဒသမ ၀၃၂သန်းတန်းဖိုးရှိ ထောပတ်သီး ၅၈ တန်၊ဒေါ်လာ ၀ ဒသမ ၀၈၁ သန်း တန်ဖိုးရှိ ကြက်သွန်ဖြူ ၂၉ တန် ၊ ဒေါ်လာ ၀ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ လိမ္မော်သီး ၁၃ ဒသမ ၂ တန်၊ ဒေါ်လာ ၀ ဒသ မ ၀၀၄ သန်းတန်ဖိုးရှိ ပလတ်စတစ်ဖြတ်စ ၁၀ တန်နှင့် ဒေါ်လာ ၀ ဒသမ ၀၀၃ သန်းတန်ဖိုးရှိ စက္ကူ ဖြတ်စ တန် ၃၀  စုစုပေါင်း ဒေါ်လာ ၀ ဒသမ ၁၂၂ သန်းဖိုး တင်ပို့နိုင်ခဲ့ခြင်းဖြစ် သည်။

သွင်းကုန်အနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင်  ဓာတ်ဆီ ဒေါ်လာ ၀ ဒသမ ၀၆၅ သန်း၊ ဒီဇယ် ဒေါ်လာ ၀ ဒသမ ၂၆၅ သန်း၊ မီးခံအုတ် ဒေါ် လာ ၀ ဒသမ ၀၄၀ သန်း၊ ကွန်ကရစ်အမိုးပြား ဒေါ်လာ ၀ ဒ သမ ၀၁၄ သန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား ဒေါ်လာ ၀ ဒသမ ၀၂၄ သန်း၊ ကားတာယာ ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း နှင့် ဘိလပ်မြေ ဒေါ်လာ ၀ ဒသမ ၀၂၅ သန်း အပါအဝင် ဒေါ် လာ ၀ ဒသမ ၅၁၄ သန်း တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာ ငွေလဲနှုန်းအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျပ် တစ်သိန်းလျှင် ၁၀၀၅ ဘတ် ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here