ရွှေဘိုမြို့ စက်မှုဇုန်ရပ်ရှိ အမှုန့်ကြိတ်စက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

0
149

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရပ်ရှိ အမှုန့်ကြိတ်စက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဒီဇင်ဘာ (၂၈)ရက် နံနက် (၁၁)နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ရေသယ်ယာဉ် (၂) စီး၊ စက်မှုဇုန် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အမှတ်(၁၀)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၁)နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here