မြန်မာပြည် အကြီးတန်းလက်ဝှေ့ကျော် ရာမာန်နှင့် ထိုင်း ထိပ်တန်းလက်ဝှေ့ကျော်တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
244

မြန်မာပြည် အကြီးတန်းလက်ဝှေ့ကျော် ရာမာန်နှင့် ထိုင်းထိပ်တန်းလက်ဝှေ့ကျော် Worajaklek တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားရန်ရှိကြောင်း မြန်မာ့လက်‌ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် (MLWC) ထံမှ သိရသည်။

ပြိုင်ပွဲအား ဇန်နဝါရီ(၄)ရက် (လွတ်လပ်ရေးနေ့) မွန်းလွဲ (၁)နာရီအချိန်မှစတင်ကာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပသွားမည်ဖြစ်သည်။

ယင်းနေ့တွင် တွဲဆိုင်း (၆)ဆိုင်း ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ပြီး၊ ရာမာန်ယှဉ်ပြိုင်ထိုးသ-တ်မည့် တွဲဆိုင်းသည် (၇၅)ကီလိုတန်း အမြင့်ဆုံးဖြင့် ထိုးသ-တ်သွားမည်ဖြစ်သည်။

အခြားတွဲဆိုင်များဖြစ်သည် (၇၂)ကီလိုတန်းတွင် ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား Pong Siri ၊ (၅၅) ကီလိုတန်းတွင် ကိုကိုနှင့် တိုင်းကျော်၊ (၆၀)ကီလိုတန်းတွင် မိုးဟိန်းနှင့် နိုင်အောင်ရှိုင်း၊ (၆၂) ကီလိုတန်းတွင် သူရဲကောင်းနှင့် ကောင်းဆက်နိုင်၊ (၆၅)ကီလိုတန်းတွင် စောဘဟိန်းနှင့် အဖိုးသွေးတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲအား ကြိုးဝိုင်းအနီးအားပေးချင်သူများအတွက် ခုံအကန့်အသတ်ဖြင့် ကျပ်(၅၀၀၀၀)မှ ကျပ် (၃၀၀၀၀)သတ်မှတ်ထားပြီး၊ ရိုးရိုးတန်းအား အခမဲ့ ကြည့်ရှုနိုင်ကြောင်းသိရသည်။

အဆိုပါပွဲသည် လွတ်လပ်ရေးနေ့အား ကြိုဆိုသောအားဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သော ပွဲတစ်ပွဲလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here