ဗိုလ်လုပွဲတွင် Rainbow FC ကို ရှုံးကြွေးဆပ်နိုင်ခဲ့သည့် Rangers FC

0
244

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် MNL-II Promotion Amateur Club Tournament 2023 ဗိုလ်လုပွဲစဉ်အဖြစ် Rainbow FC နှင့် Rangers FC တို့ ယှဉ်ပြိုင်ရာတွင် Rangers FC က ရှုံးကြွေးဆပ်နိုင်ခဲ့ကြောင်း သိရသည်။

သုဝဏ္ဏ ဘောလုံးကွင်း၌ ယနေ့ ဒီဇင်ဘာ (၂၈) ရက် ညနေ (၄)နာရီ အချိန်တွင် ယှဥ်ပြိုင်ကစားခဲ့ရာ Rangers FC က Rainbow FC ကို တစ်ဂိုး ဂိုး မရှိ ရလဒ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်သည်။

ယခု MNL-II Promotion Amateur Club Tournament 2023 ဗိုလ်လုပွဲရောက် ပြိုင်ပွဲဝင် နှစ်သင်းအနေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအရ လာမည့် ၂၀ ၂၄ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲကို တန်းတက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here