ရွှေတိဂုံဘုရားဖူးချိန် နံနက် ၅ နာရီမှ ည ၉ နာရီအထိ တိုးမြှင်သတ်မှတ်

0
234

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများစိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဘုရားဖူးချိန်ကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းရွှေတိဂုံစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အသိပေးကြေညာထားသည်။

အဆိုပါ ဘုရားဖူးချိန်ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ အချိန် တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ယခုလက်ရှိ ဘုရားဖူးချိန်မှာ နံနက် ၅ နာရီမှ ည ၈ နာရီအထိသတ်မှတ်ထားခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုသည် ပိုမိုများပြားလာခဲ့ပြီး တစ်ရက်လျှင် ၂၀၀၀၀ ကျော်ထိ လာရောက်ဖူးမြော် ကြည်ညိုကြကြောင်း အစိုးရရုံးပိတ်ရက် ဖြစ်သော စနေ၊ တနင်္ဂနွေနေ့တို့တွင် ဘုရားဖူးဧည့်သည်များသည် ၃၀၀၀၀ မှ ၅၀၀၀၀ ကြား လာရောက်ဖူးမြော်ကြကာ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော မြန်မာနှစ်ဆန်း တစ်ရက်နေ့၊ ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ် လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဘုရားဖူးဧည့်သည် ပိုမိုဝင်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here