သင်္ဃန်းကျွန်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်တစ်စီး လမ်းဘေးပလပ်ဖောင်းအား ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းသူ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရ

0
156

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုပန်းခြံကွေ့တွင် ဘေးတွဲဆိုင်ကယ်တစ်စီး လမ်းဘေးပလပ်ဖောင်းအား ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သံသုမာလမ်း၊ ပြည်ထောင်စုပန်းခြံကွေ့တွင် ဒီဇင်ဘာ(၂၈)ရက်၊ ည (၁၀)နာရီခွဲခန့်အချိန်က ဘေးတွဲဆိုင်ကယ် တစ်စီး လမ်းဘေးပလပ်ဖောင်းအား ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ဘေးတွဲဆိုင်ကယ်တစ်စီး ပလက်ဖောင်းကို ဝင်တိုက်မိပြီး မောင်းတဲ့သူ နေရာမှာတင် သတိလစ်သွားတာ။ အနီရောင်အဆင့် အရေးပေါ် လူနာလမ်းကြောင်းအနေနဲ့ သတင်းရလို့ သွားရောက်ကူညီပြီး မိသားစုထံဆက်သွယ်လွှဲပြောင်းပေးခဲ့ပါတယ်” ဟု သုဝဏ္ဏပရဟိတအသင်း တာဝန်ရှိသူက ဆိုသည်။

ဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မောင်းသူမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး သတိလစ်သွားရာ အသင်းမှ လိုအပ်သည့် မြေပြင်ဆေးကုသပေးပြီး သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ကာ ထိုမှတဆင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး မိသားစုထံသို့ဆက်သွယ်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here