တညင်းကုန်းလမ်းဆုံ အနီးတွင် ပိုက်ဆံလိုက်လံ တောင်းရမ်းသည့် အမျိုးသမီးအား YBS (131) မှ ဝင်တိုက်ကာ တက်ကြိ-တ်မိပြီး သေဆုံး

0
307

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီးတွင် ယမန်နေ့ညပိုင်းက လမ်းပေါ်တွင် ပိုက်ဆံလိုက်လံတောင်းရမ်းနေသည့် သက်ကြီးပိုင်း အမျိုးသမီးအား YBS ယာဉ် တစ်စီးမှ ဝင်တိုက်မိခဲ့ရာ ယင်းအမျိုးသမီးမှာ ယာဉ်အောက်သို့ဝင်သွားပြီး တက်ကြိ-တ်မိခဲ့သည့်အတွက်‌ေ-သဆုံး သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တညင်းကုန်းလမ်းဆုံနှင့် တညင်းကုန်းဈေးဘူတာကြားတွင် ယမန်နေ့ ဒီဇင်ဘာ (၂၈) ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်အောက်တွင် ညပ်နေသည့် အမျိုးသမီးအား ရွှေမေတ္တာလူမှူကူညီရေးအသင်းမှ သွားရောက်ကူညီကာ ယာဉ်အောက်မှ ဆွဲထုတ်ပေးခဲ့ရကြောင်း သိရသည်။

“မြင်လိုက်ရတဲ့ လူတွေ ပြောတာတော့ ကားဘေးကပ် ပိုက်ဆံလိုက်တောင်းသူတဲ့။ ကားနားကပ်ပြီး ပိုက်ဆံတောင်းတာ ပြောတယ်။ ကားသမားလည်း မမြင်လိုက်ဘူးနေမယ်”ဟု ရွှေမေတ္တာ လူမှူကူညီရေးအသင်းက ဆိုသည်။

အဆိုပါ အမျိုးသမီးအား ဝင်တိုက်မိခဲ့သည့် YBS ယာဉ်မှာ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်မှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသည့် YBS 131 (ယခင် 21) ယာဉ်လိုင်းမှ ယာဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးမှာ အသက် (၅၀) ကျော်ခန့်ရှိပြီး အမည်၊ နေရပ် မသိရသေးကြောင်းနှင့် ရုပ်အလေ-ာင်းအား ကနောင်နာရေးကူညီမှူအသင်းကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here