ဒေါ်လာ (၇) သန်းကျော် ပမာဏရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၂) ခု ရန်ကုန်တိုင်းသို့ ဝင်ရောက်၊ နိုင်ငံသားလုပ်ငန်း ၃ ခုလည်း ကျပ်သန်း ၈၉၀၀ ကျော် ရင်းနှီးမြှုပ်နှံ

0
215

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှပ်နှံမှု (၅)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရသည်။

ဒီဇင်ဘာ (၂၇) ရက်က ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး (YRIC) ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများထဲတွင် စက်မှုကဏ္ဍ၌ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုပါဝင်ပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု၏ မတည်ငွေရင်းပမာဏသည် ကျပ် (၈,၉၅ဝ.၂၃၈) သန်းဖြစ်ပြီး နိုင်ငံခြားသား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ (၇.၀၂၀) သန်းဖြစ်ကြောင်း သိရသည်။

ယခုအတည်ပြုပေးလိုက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ နိုင်ငံသား အလုပ်သမား (၁,၇၁၉)ယောက်အတွက် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအတည်ပြုပေးခဲ့သည့် လုပ်ငန်းများထဲတွင် CMP စနစ်ဖြင့် အဝတ်အထည်မျိုးစုံ ချုပ်လုပ်ပြီး ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့မည့်လုပ်ငန်း၊ နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြှင့်ဆန် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်း ပြည်ပတင်ပို့မည့် ပဲအမျိုးမျိုး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်အမျိုးမျိုး ကြိတ်ခွဲ ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်နှင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်သည့် လုပ်ငန်းများ ပါဝင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here