Thursday, April 3, 2025

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃)...

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...
HomeNewsLocal Newsအွန်လိုင်းမှ ဈေးရောင်းသူများ လာမည့်...

အွန်လိုင်းမှ ဈေးရောင်းသူများ လာမည့် ၂၀၂၄ ခုနှစ် နှစ်စမှစတင်ကာ မှတ်ပုံတင်ကြေး ပေးရမည်

အွန်လိုင်းမှ ဈေးရောင်းချသူများအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ မှတ်ပုံတင်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စတင်ခွင့်ပြုမည့် မှတ်ပုံတင်များအား သက်တမ်း (၂) နှစ်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ကြေး ကောက်ခံမည့် နှုန်းထားများမှာ ကုမ္ပဏီ (သို့) စီးပွား‌ရေးအဖွဲ့များ၏ မှတ်ပုံတင်ကြေး ကျပ် ၇၀,၀၀၀ ၊ သက်တမ်းတိုးကြေး ကျပ် ၇၀,၀၀၀ ၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အလားတူ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထား တစ်ခုခုပါရှိသည့် ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်း၏ မှတ်ပုံတင်ကြေး ၅၀,၀၀၀ ကျပ် ၊ သက်တမ်းတိုးကြေး ၅၀,၀၀၀ ကျပ်၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် မှတ်ပုံတင်ကြေးမှာ ၃၀,၀၀၀ ကျပ် ၊ သက်တမ်းတိုးကြေး ၃၀,၀၀၀ ကျပ် ၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း မှတ်ပုံတင်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အတွင်း ခွင့်ပြုခဲ့သော မှတ်ပုံတင်များအတွက် သက်တမ်း (၆) လဖြင့် မှတ်ပုံတင်ကြေးကင်းလွတ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် (CA) မူဟာမတ် ယူနွတ်စ် ၏ ညွှန်ကြားချက်အတိုင်း ပေးပို့ခဲ့ကြောင်း CA ၏ ဒုတိယပြန်ကြားရေးအတွင်းဝန်အဘူလ် ခလမ် အဇက်ဒ် မာဂျူမဒါ က ပြောကြားခဲ့သည်။ အဆိုပါမစ်ရှင်တွင် ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့ ၃...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန်ဆွေးနွေး

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား ယနေ့ ဧပြီ ၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုရန် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်(၁၄)မျိုးပါ ကျောပိုးအိတ်အလုံး(၅၀)၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးဦးထုပ်အလုံး(၆၀) နှင့် လက်အိတ်တစ်ဖာတို့ကို နစက ဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည်...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071