ကင်ဆာကို ခွဲစိတ်ရန်မလိုသည့် နည်းလမ်းသစ်ရှာဖွေတွေ့ရှိ

0
360

သိပ္ပံပညာရှင်များသည် aminocyanine မော်လီကျူးများကိုအသုံးပြုကာ ကင်ဆာဆဲလ်များကိုဖယ်ရှားနိုင်သည့် ဆန်းသစ်သောနည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ 

ဇီဝပုံရိပ်ဖော်ခြင်း၌ ဓာတုဆိုးဆေးအဖြစ် အသုံးများသော ဤမော်လီကျူးများသည် အနီအောက်ရောင်ခြည်အနီးရှိ အလင်းရောင်ဖြင့် နှိုးဆွလိုက်သောအခါတွင် ကင်ဆာဆဲလ်အမြှေးပါးများကို ခွဲထုတ်နိုင်သည့် ထူးခြားသောလုပ်ဆောင်နိုင်စွမ်းကို တွေ့ခဲ့ရကြောင်း ScienceAlert ၏တင်ပြချက်မှသိရသည်။

ယခုအောင်မြင်မှုကြောင့် အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများရှိကင်ဆာဆဲလ်များကုသရေးကို ပြုလုပ်နိုင်ပြီးခွဲစိတ်မှုများပြုလုပ်ရန် လိုအပ်တော့မည်မဟုတ်ကြောင်းသိရသည်။

ယခုစမ်းသပ်ထားသောဆေးအား ကြွက်များ၌ စမ်းသပ်ရာတွင် စမ်းသပ်ခံရသည့်ကြွက်ပမာဏ၏ထက်ဝက်မှာ ကင်ဆာဆဲလ်များမရှိ‌တော့သည့်အတွက် အထိုက်အလျောက်အောင်မြင်မှုရရှိနေပြီဟုဆိုနိုင်ပေသည်။

ယခုစမ်းသပ်တီထွင်မှုသည် ပဏာမအဆင့်အောင်မြင်နေပြီဖြစ်ရာ နောင်အနာဂတ်၌ ယခုစမ်းသပ်နေသည့် ဇီဝဓာတုနည်းပညာသည် ပိုမိုကောင်းမွန်လာနိုင်ပြီး ကင်ဆာရောဂါကုသမှုတွက်အရေးပါလာနိုင်သည်ဟု ပညာရှင်များကလည်းယုံကြည်လက်ခံထားကြသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here