ဂျပန်မှ မြန်မာလုပ်သား ၁၀၀၀ ကျော်ခေါ်ယူထား

0
217

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန်အတွက်  မြန်မာလုပ်သား (၁၀၀၀) ကျော်ကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ (၂၉) ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကမ်းလှမ်းလာသည့် မြန်မာလုပ်သား (၁၁၇၁) ဦး အတွက် အလုပ်ခေါ်စာများအနက် ဒီဇင်ဘာ (၁၆) ရက်မှ (၂၉)ရက်အတွင်း စိစစ်ထားသည့် အလုပ်ကမ်းလှမ်းစာ (၂၉၅) ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ကမ်းလှမ်းထားသည့် စက်ရုံ၊ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက်အထားများကို စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း ဂျပန်နိုင်ငံရှိ စက်ရုံ၊အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၁၀၀၀ ကျော်ခေါ်ယူထားကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here