ခရစ္စမတ်လက်ဆောင်ခွဲဝေရာမှအငြင်းပွားပြီး မောင်နှမချင်း‌ေ-သနတ်ဖြင့်ပစ်

0
193

နူးယော့ခ်၊ဒီဇင်ဘာ ၂၇

အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါပြည်နယ်တွင် ခရစ္စမတ်အကြိုနေ့က လက်ဆောင်ခွဲဝေမှုကိုအငြင်းပွားရာမှ အသက် ၂၃ နှစ်အရွယ် အစ်မအရင်းဖြစ်သူအား အသက် ၁၄ နှစ်အရွယ် မောင်ဖြစ်သူက  ဒီဇင်ဘာ ၂၄ ရက်က ‌ေ-သနတ်ဖြင့်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်၊ပီနဲလာ့စ်ခရိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်မူ ‌ေ-သဆုံးသူ အက်ဘရီးလီး ဘာလ်ဒွင် နှင့် သူ၏သားနှစ်ဦးဖြစ်သည့် အသက် ၆ နှစ်သားနှင့် ၁၁ လသားအရွယ်သားနှစ်ဦး၊ သေဆုံးသူ ၏မောင်များဖြစ်သည့် အသက် ၁၄ နှစ်ရှိ ဒါမာကပ်စ်၊အသက် ၁၅ နှစ်ရှိ ဒါကပ်စ်ကိုလီ နှင့် ‌ေ-သဆုံးသူ၏မိခင်ဖြစ်သူတို့ အတူတကွ ခရစ္စမတ်ဈေးဝယ်ထွက်ခဲ့သည်ဟုသိရသည်။

ဈေးဝယ်အပြီး ၎င်းတို့၏အဖွားဖြစ်သူအိမ်သို့ အရောက်တွင် အစ်မဖြစ်သူအက်ဘရီးလီးနှင့်မောင်အငယ်ဆုံး ဒါမာကပ်စ် တို့မှာ ခရစ္စမတ်လက်ဆောင်များနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ်စကားများခဲ့ကြသည်ဟုလည်းဆိုသည်။

ယင်းနောက်တွင်မူ အက်ဘရီးလီးက ခရစ္စမတ်နေ့ဖြစ်၍ ရန်မဖြစ်လိုကြောင်းပြောခဲ့သော်လည်း ဒါမာကပ်စ်က အစ်မဖြစ်သူနှင့်၎င်း၏အစ်မချီထားသော ၁၁ လသားကလေ-းကိုပါ ‌ေ-သနတ်နှင့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။ ထို့နောက်တွင်မူ အသက် ၁၅ နှစ်ရှိ ဒါကပ်စ်က ၎င်း၏ညီဖြစ်သူ ဒါမာကပ်စ်ထွက်မပြေးခင်‌ေ-သနတ်နှင့်ပစ်ခတ်ခဲ့သည်ဟုလည်းသိရသည်။

ဒါမာကပ်စ်နှင့်အက်ဘရီလီးတို့မောင်နှမအား ဆေးရုံသို့အမြန်ပို့ခဲ့သော်လည်း ရင်ဘတ်တွင်ကျည်ထိမှန်ခဲ့သော အက်ဘရီးလီးမှာ ‌ေ-သဆုံးသွားပြီးဖြစ်ကြောင်းသိရကာ ကနဦးပစ်ခတ်သူ ဒါမာကပ်စ်မှာလည်း အစ်ကိုဖြစ်သူ၏ တုံ့ပြန်ပစ်ခတ်ခဲ့မှုကြောင့် ကျည်ထိမှန်ခဲ့သော်လည်း ယခုအခါ ပုံမှန်အခြေအနေတွင်ရှိ‌နေကြောင်းသိရသည်။

အသက် ၁၅ နှစ်ရှိ ဒါကပ်စ်မှာမူ ညီဖြစ်သူ ဒါမာကပ်စ် အားပ-စ်ခ-တ်အပြီးတွင် ၎င်း၏‌ေ-သနတ်အား အနီးရှိခြံဝင်းတစ်ခုအတွင်းပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ‌ေ-သနတ်ကိုရှာဖွေနေကြောင်းလည်းထုတ်ပြန်ချက်ကဆိုသည်။

ဒါမာကပ်စ်က ခရစ္စမတ်လက်ဆောင်များခွဲဝေရာတွင် အစ်ကိုဖြစ်သူ ဒါကပ်စ်က ၎င်းထက်ပိုရသည်ဟုဆိုကာ မကျေမနပ်ဖြစ်ရာမှ ဒါမာကပ်စ်နှင့် အက်ဘရီလီးတို့မောင်နှမအကြား ခွန်းကြီးခွန်းငယ်စတင်စကားများခဲ့ကြပြီး မောင်နှမသုံးဦးအကြား အပြန်အလှန်ပ-စ်ခ-တ်သ-တ်ဖြ-တ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟုလည်း သတင်းအချို့တွင်ဖော်ပြခဲ့သည်။

Source : အေဘီစီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here