ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီကို ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြု

0
223

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ‌နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုအဆင့် ပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်လျှောက်ထားခြင်းကို ကော်မရှင်က ယနေ့ ဒီဇင်ဘာ (၂၉) ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

UEC က ဥပဒေသစ်ပြဌာန်းအပြီး အစောပိုင်းက မှတ်ပုံတင်လျှောက်ထားခဲ့သည့် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီအား(၈) လကျော်အကြာတွင် မှတ်ပုံတင်ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။

နစက က အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ၊ နည်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ်ရပ်တည်လှုပ်ရှားရန် မှတ်ပုံတင်ထားသည့် ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနှင့် ပြည်နယ်အဆင့် စည်းရုံးလှုပ်ရှားမည့် နိုင်ငံရေးပါတီပေါင်း (၆၀) ကျော် ရှိနေပြီး လက်ရှိတွင် ပါတီ (၄၀) ကျော်ကို မှတ်ပုံတင်ခွင့်ပြုထားကြောင်း UEC ၏ သတင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here