မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပုန်းအောင်းနေသည့် မူးယစ်တရားခံပြေး (၁၀) ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်

0
249

တရုတ်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှုများကို ဥပဒေအရ အားဖြည့်နှိမ်နင်းတိုက်ဖျက်လျက်ရှိရာ လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ၌ ပုန်းခိုနေသည့် မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ထားသည့် တရားခံပြေး (၁၀) ဦးကို တရုတ်ပြည်သူ့ လုံခြုံရေးဌာနများမှ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ CRI Myanmar မှ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပမှ မူးယစ်ဆေးဝါးများ တရုတ်နိုင်ငံသို့ စိမ့်ဝင်မှုများကို အစွမ်းကုန် တားဆီးရန်၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်အတွက် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဌာနများမှ မူးယစ်ဆေးဝါး တရားခံပြေး (၁၀) ဦးအား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ရန်ဆုံးဖြတ်ခဲ့ခြင်းကြောင်း CRI ၏ ဖော်ပြချက်အရ သိရသည်။

မူးယစ်တရားခံပြေးများ ဖြစ်သည့် Zhang Anlong ၊ Ma Wenxiang နှင့် Wu Yuyang ဆိုသူတို့အား တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ် Binzhou မြို့ပြည်သူ့လုံခြုံရေးဌာနမှ ဆုကြေး ငွေပေးပြီး ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ပြီး ဟူနန်ပြည်နယ် Zhuzhou မြို့ ပြည်သူ့လုံခြုံရေးဌာနမှလည်း Yang Jinmei ဆိုသူအား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

ထို့အပြင် ကျန်းစီပြည်နယ် Xingan ခရိုင် ပြည်သူ့လုံခြုံရေးဌာနမှလည်း Zeng Xiaoyong ၊ Li Guoping နှင့် Sun Qia ng ဆိုသူတို့နှင့် ကျဲ့ကျန်းပြည်နယ် Wenzhou မြို့ ပြည်သူ့လုံခြုံရေးဌာနမှ Yan Huanping ဆိုသူအား ဆုကြေးထုတ်ကာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ စိချွမ်းပြည်နယ် Suining မြို့ ပြည်သူ့လုံခြုံရေးဌာနမှလည်း Mu Chaodong နှင့် ကွေ့ကျိုးပြည်နယ် Qiand ongnan ပြည်နယ်ခွဲ ပြည်သူ့လုံခြုံရေးဌာနမှ Long Hua တို့အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း CRI Myanmar သတင်းထုတ်ပြန်အရ သိရသည်။

အဆိုပါ Zhang Anlong နှင့် Zeng Xiaoyong အပါအဝင် မူးယစ်ဆေးဝါး တရားခံပြေး (၁၀) ဦးအနေဖြင့် မိမိတို့၏ အခြေအနေကို နားလည်ပြီး အပြစ်ဝန်ခံ၍ ဖမ်းဆီးခံကာ သက်ညှာခွင့်ရရှိအောင် ကြိုးပမ်းရန်လည်း တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here