ရန်ကုန်တိုင်းအတွင်း နောက်နှစ်ရက်အတွင်း ညအပူချိန်များ ကျဆင်း၍ အအေးပိုလာနိုင်

0
142

ရန်ကုန်တိုင်းအတွင်း နောက်နှစ်ရက်အတွင်း ညအပူချိန်များ ကျဆင်း၍ အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်ပိုင်း‌တွင် အသိပေးထုတ်ပြန်ထားသည်။

ယင်းသည့် မိုးဇလ၏ ယနေ့ ဒီဇင်ဘာ (၃၀)ရက် နံနက် (၇)နာရီအချိန်တွင် တိုင်းထွားရရှိခဲ့သော ခန့်မှန်းချက်တစ်ခုဖြစ်သည်။

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်၊ ကချင် ပြည် နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်း၍ အအေးပိုလာနိုင်သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်းအတွင်း ယခင်ရက်များထက် အအေးပိုနေသည်ကို တွေ့ရသည်။

ယနေ့ညနေပိုင်း အချိန်အထိခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် အများ အားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးဇလက အသိပေးထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here