ပြည်မြို့ လမ်းမတော်လမ်းမပေါ်ရှိ အထည်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

0
149

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်၊ လမ်းမတော်လမ်းမပေါ်၊ လိုတရ ကဖီးရှေ့ရှိ အထည်ဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဒီဇင်ဘာ (၂၉)ရက်၊ ညနေ (၃) နာရီခန့်က ဖြစ်ပွားကြောင်း သတင်းအရ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)နှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“ဒီအနီးနားက သူတွေ ပြောတာတော့ ဝါယာလျော့လို့တော့ ပြောကြတယ်။ သေချာတော့ မသိဘူး။ တာဝန်ရှိသူတွေက လိုအပ်တာတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ မီးက နာရီဝက်လောက်တော့ ဝိုင်းငြှိမ်းခဲ့ရတာပေါ့။ လူထိခိုက်တာ မရှိဘူး။”ဟု ဖြစ်စဉ်နေရာတွင် ဝိုင်းဝန်းကူညီခဲ့သူ ပြည်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ ငြှိမ်းသတ်ရာ မိနစ် (၃၀)ခန့် ငြှိမ်းသတ်ခဲ့ရပြီး ညနေ (၃)နာခွဲကျော်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှု ဖြစ်စဉ်ကြောင့် လူ/ တိရိစ္ဆာန် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိကြောင်းနှင့် မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here