e-Pension ကတ် ကိုင်ဆောင်ထားသည့် အငြိမ်းစားဝန်ထမ်းများ Centralized စနစ်သုံး ဘဏ် (၄၈) ဘဏ်တွင် ပင်စင်လစာ ထုတ်ယူနိုင်

0
535

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်ကျင့်သုံးခဲ့သော Centralized e-Pension စနစ်အရ e-Pension ကဒ်ကိုင်ဆောင်ထားသူများသည် Centralized စနစ် ကျင့်သုံးနေသည့် မည်သည့်ဘဏ်ခွဲတွင်မဆို ပင်စင်လစာငွေထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။

လက်ရှိတွင် Centralized စနစ်ကျင့်သုံးသော ဘဏ်ခွဲ (၄၈) ဘဏ်မှာ နေပြည်တော်ကောင်စီနယ်မြေတွင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ မန္တလေးတိုင်းတွင် မန်း (၁/၂/၃/) ၊ညောင်ဦး၊မိတ္ထီလာ၊ပြင်ဦးလွင်၊ မြင်းခြံ၊ကျောက်ဆည်၊ရမည်းသင်း၊ ပဲခူးတိုင်းတွင် ပဲခူး၊တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ရန်ကုန်တိုင်းတွင် ဘဏ်ခွဲ (၁/၂/ ၃/၄/၅/၆)၊ ငွေစုဘဏ် (၁/၃/၄)၊သန်လျင်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊တာမွေ၊ မြောက်ဥက္ကလာနှင့် အင်းစိန်ဘဏ်တို့တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီတိုင်းတွင် ပုသိမ်၊ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ကျိုင်းတုံ၊တာချီလိတ်၊လွိုင်လင်၊လားရှိုး၊ စစ်ကိုင်းတိုင်းတွင် စစ်ကိုင်း၊ မြောင်၊ ကရင်ပြည်နယ်တွင် ဘားအံ၊ မြဝတီ၊ကော့ကရိတ်တို့တွင်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here