မြန်မာတိုက်စစ်မှူး အောင်ကောင်းမာန် ထိုင်းလိဂ် (၂) ကလပ် နာခွန်ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းထံပြောင်းရွေ့

0
239

မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်ကောင်းမာန် သည် ထိုင်းလိဂ် (၂ )ကလပ် နာခွန် ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းထံသို့ ပြောင်းရွေ့သွားပြီဖြစ်ကြောင်း ယင်း၏ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းထံမှ သိရသည်။

အောင်ကောင်းမာန်သည် ထိုင်းကလပ်အူထိုင်းဌာနီတွင် စာချုပ်ပြည့်ပြီးနောက် နာခွန်ရချာရှီးမား (ခိုရတ်) အသင်းကို တစ်ရာသီခွဲ စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ဂျာစီနံပါတ် (၁၈) ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

နာခွန် ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းသည် ယမန်နှစ်က ထိုင်းလိဂ် (၁) မှ တန်းဆင်းခဲ့သော အသင်းဖြစ်ပြီး ယခုနှစ် ချန်ပီယံအဖြစ်တန်း ပြန်တက်ရန် ပစ်မှတ်ထား ပြင်ဆင်နေသည့် အသင်းဖြစ်ကာ လက်ရှိ အမှတ်ပေးဇယားတွင် ဒုတိယ နေရာမှ နောင်ဘူရာနှင့် ရမှတ်တူ ရပ်တည်နေပြီး ဒုအကျော့တွင် အိမ်ကွင်းပွဲစဉ် (၁၀) ပွဲ အထိ ကစားရမည်ဖြစ်သည့်အတွက် ချန်ပီယံဖြစ်ဖို့ အလေးသာနေကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ထိုင်းလိဂ် (၁) မှ လိဂ် (၂ ) သို့ ပြောင်းရွှေ့ခဲ့ရသော်လည်း ယခင်အသင်းတွင် ရခဲ့သည့် လစာခံစားခွင့်အတိုင်း ရရှိခံစားရမည်ဖြစ်ကာ လစာအပြင် ခိုရတ်မြို့၏ အကောင်းဆုံး ကွန်ဒို၊ မာဇဒါ ကားတစ်စီး နှင့် အသင်းတန်းတက်ခဲ့ပါက လစာပြင်ဆင်ညှိနှိုင်းခွင့်ကိုပါ ရရှိထားကြောင်း မြန်မာစပါယ်ရှယ် အားကစား စီမံခန့်ခွဲမှု ကုမ္ပဏီမှ ကိုရဲနိုင်ဝင်းက အသိပေးထားသည်။

Photo – Ye Naing Win


LEAVE A REPLY

Please enter your comment!
Please enter your name here