ဟူသီသူပုန်များပစ်ခတ်သော ဒရုန်းနှင့် ဒုံးကျည်များကို အမေရိကန်စစ်သင်္ဘောကပစ်ချ

0
189

ဝါရှင်တန်၊ဒီဇင်ဘာ ၂၉

အီရန်ကျောထောက်နောက်ခံပြု ယီမင်နိုင်ငံမှဟူသီသူပုန်များက ပစ်ခတ်ခဲ့သော ဒရုန်းတစ်စီးနှင့် သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်တစ်စင်းအား အမေရိကန်စစ်သင်္ဘောတစ်စင်းကပစ်ချခဲ့သည်ဟု အမေရိကန်စစ်တပ်၏ထုတ်ပြန်ချက်အရသိရသည်။

အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့တို့တိုက်ခိုက်နေသည့် ဂါဇာကမ်းမြောင်ဒေသရှိပါလက်စတိုင်းများအား ထောက်ခံသည့်အနေနှင့် ဟူသီအဖွဲ့သည် အရေးကြီးပါသည့်ပင်လယ်နီသင်္ဘောလမ်းကြောင်းရှိ သင်္ဘောများကိုပစ်မှတ်ထားပြီး တိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

USS Mason (DDG 87) အမည်ရှိ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောသည် တောင်ပိုင်းပင်လယ်နီတွင် ဟူသီအဖွဲ့က ပစ်ခတ်ခဲ့သော ဒရုန်းတစ်စင်းနှင့် သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကိုပစ်ချခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ (CENTCOM) ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီနေရာနားတစ်ဝိုက်မှာရှိနေတဲ့ သင်္ဘော ၁၈ စင်းကို ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး” ဟု CENTCOM ကပြောကြားခဲ့ပြီး ယခုတစ်ကြိမ်သည် အောက်တိုဘာလလယ်ကစ၍ ဟူသီသူပုန်များ၏နိုင်ငံတကာသင်္ဘောများအပေါ် ၂၂ ကြိမ်မြောက် တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ဂါဇာကမ်းမြှောင်၌ ထိုးစစ်ဆင်မှုရပ်တန့်ရန် အစ္စရေးအပါအဝင် အစ္စရေးနှင့်ဆက်နွှယ်နေသောသင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟုလည်း ယီမင်သူပုန်များကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here