YCDC ကရန်ကုန်မြို့၏ စိမ်းလန်းမြေဧရိယာကိုတိုးချဲ့ဖော်ဆောင်မည်

0
203

ရန်ကုန်မြို့၏ စိမ်းလန်းမြေဧရိယာအား တစ်ဖြည်းဖြည်းတိုးချဲ့ဖော်ဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ – YCDC ကော်မတီဝင် ဒေါက်တာဇော်ဝင်းက မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအား မွမ်းမံရေးဆွဲခြင်းစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် YCDC အနေဖြင့် မြို့ပြစီမံကိန်းဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကော်မတီရှိ အခြားဌာနများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့တော်သည် လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ လူမှုကိစ္စရပ်များသည်လည်း ကျယ်ပြန့်လာပြီး မြို့တော်နေပြည်သူများ၏ ကိစ္စအဝဝကို အဆင်ပြေစေရန် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ကော်မတီဝင် ဒေါက်တာဇော်ဝင်းက ပြောသည်။

ရန်ကုန်မြို့၏ ကောင်းမွန်ခြင်းတိုးတက်ခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့နေပြည်သူတို့နှင့်သာ အဓိကသက်ဆိုင်သဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဝန်ထမ်းများအနေဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်းလည်း တိုက်တွန်း‌ပြောကြားထားသည်။

ရန်ကုန်မြို့တော်ကြီးကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရှိပြီးသား မြို့ပြရထားလမ်းများနှင့် ဘူတာရုံများအား အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here