ဂါဇာတွင် အစ္စရေးတို့ လူမျိုးတုံးသ-တ်ဖြ-တ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် တောင်အာဖရိက အမှုဖွင့်

0
168

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုသည် သုံးလနီးပါးကြာပြီးနောက် ဂါဇာတွင် ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသ-တ်ဖြ-တ်မှုများကျူးလွန်သည်ဟု စွပ်စွဲကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တောင်အာဖရိကနိုင်ငံက အစ္စရေးကို တရားစွဲထားကြောင်း သိရသည်။

သောကြာနေ့က တရားရုံးသို့ လျှောက်ထားမှုတွင် တောင်အာဖရိကမှ အစ္စရေး၏ လုပ်ရပ်သည် ပါလက်စတိုင်း အမျိုးသား၊ လူမျိုးရေး နှင့် လူမျိုးရေး အုပ်စု၏ ကြီးမားသော အစိတ်အပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်သောကြောင့် ယင်းသည် ဂါဇာတွင် လူမျိုးတုံးသ-တ်ဖြ-တ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း တင်ပြခဲ့သည်။

“ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေကို သ-တ်ဖြ-တ်တာ၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေတာ၊ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ရှိလာစေဖို့ နဲ့ လက်ရှိ ဘဝအခြေအနေတွေကို ထိခိုက်စေတာတွေ ပါဝင်ပါတယ်” ဟု တရားစွဲလျှောက်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။

ကမ္ဘာ့တရားရုံးဟုလည်း ခေါ်တွင်ကြသော ICJ သည် နိုင်ငံများအကြား အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ပေးသည့် ကုလသမဂ္ဂ အရပ်ဘက်တရားရုံးဖြစ်သည်။ စစ်ရာဇဝတ်မှုများအတွက် လူတစ်ဦးချင်းစီကို တရားစွဲသည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် မတူချေ။

အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ရွေးချယ်ပေးသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တရားသူကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီးများ၏ သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ ရွေးချယ်ခံရပြီးသော နိုင်ငံသည် ထပ်မံ ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ သုံးနှစ်လျင်တကြိမ် တရားသူကြီး ၅ ဦးစီ ရွေးချယ်သည်။

တရား အမှုအခင်းတစ်ခု၌ ပါဝင်လိုခြင်း မရှိသော နိုင်ငံတစ်နိုင်ငံသည် အထူးချုပ်ဆိုထားသော စာချုပ်တစ်ရပ်ပါ ပြဋ္ဌာန်းချက်များ အရ ပါဝင်ရန်လိုအပ်မှုမရှိပါက မပါဝင်ဘဲ နေနိုင်သည်။ တရားရုံး၏ စီရင်ရင်မှုကို လက်ခံလျှင်မူ တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here