ကမ္ဘောဒီးယား၌ လူ ၁၁ ဦးထံတွင် ကိုဗစ်မျိုးကွဲသစ် JN.1 ကိုစတင်တွေ့ရှိဟုဆို

0
180

ဖနွမ်းပင်၊ဒီဇင်ဘာ ၃၀

ကမ္ဘောဒီးယားနိုင်ငံ၌ “BA.2.86” မှဆင်းသက်လာသည့်ကိုဗစ်ကပ်ရောဂါ၏ “JN.1” အမည်ရှိ မျိုးကွဲအသစ်ကူးစက်ခံထားရသူ ၁၁ ဦးအား ပထမဆုံးတွေ့ရှိခဲ့ကြောင်း နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

၎င်းတို့အားလုံးသည် ဆေးကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း ၎င်းတို့၏ သက်ဆိုင်ရာနေအိမ်များ၌မူ သီးသန့်ခွဲပြီးနေထိုင်ရန် လိုအပ်ဆဲဖြစ်သည် ဟုလည်းတာဝန်ရှိသူများကဆိုခဲ့သည်။

ကိုဗစ်၏ “JN.1” မျိုးကွဲကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က “စိတ်ဝင်စားစရာကောင်းသည့်မျိုးကွဲ” ဟုသတ်မှတ်ထားသော်လည်း “စိုးရိမ်စရာမျိုးကွဲ” အဖြစ် ခွဲခြားသတ်မှတ်ထားခြင်းမရှိကြောင်းလည်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

“JN.1” မျိုးကွဲအား အမေရိက၌ စက်တင်ဘာလက စတင်တွေ့ရှိခဲ့ပြီး ပြည်သူ့ကျန်းမာရေးအတွက် အကြီးအကျယ်စိုးရိမ်စရာမရှိကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ကြေငြာခဲ့သည်။

Source : ဆင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here