နှစ်သစ်ကူးပွဲတော် ကျင်းပရန် စီစဉ်ထားသဖြင့် ညမထွက်ရအမိန့် တစ်ရက်တာ ပယ်ဖျက်

0
174

နိုင်ငံတကာနှစ်သစ်ကူးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူရင်ပြင်၌ 2024 New Year Countdown ပွဲတော် ကျင်းပပြုလုပ်ရန် စီစဉ်ထားသဖြင့် တစ်ရက်တာ ညမထွက်ရအမိန့် ပယ်ဖျက်ခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အားလုံး) ထံ ပေးပို့ထားသည့် အသိပေးစာအတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် ညမထွက်ရအမိန့်ကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီမှ ၃ နာရီထိ ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေးဆောင်ရွက်သွားရန် အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် New Year Countdown 2024 ပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညနေ ၆ နာရီမှ စတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်၌ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မီးရှူးမီးပန်းပစ်ဖောက်ခြင်း အပါအဝင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ပါဝင်ဆင်နွှဲကြရန် ပွဲတော်ကျင်းပရေးကော်မတီက ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပုံစာ – တန်ဆောင်တိုင်လပြည့်နေ့တွင် ပြည်သူ့ရင်ပြင်ရှိ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်အား လာရောက်ကြသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here