တရုတ် – အာဆီယံ လိုဂိုဒီဇိုင်းပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံမှ ဒီဇိုင်းပညာရှင်များကို ဖိတ်ခေါ်ထား

0
124

တရုတ် – အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေးနှစ် Logo ဒီဇိုင်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ဒီဇိုင်းပညာရှင် မိတ်ဆွေများ လက်ရာမွန်လက်ရာကောင်းများ ပေးပို့၍ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်ကို တရုတ် – အာဆီယံ ပြည်သူအချင်းချင်း အပြန်အလှန် ဖလှယ်ရေးနှစ်အဖြစ် သတ်မှတ်ထားပြီး Logo ဒီဇိုင်းပြိုင်ပွဲကို တရုတ် – အာဆီယံစင်တာ၊ တရုတ်ပြည်သူ၏ ပြည်ပနိုင်ငံများ ချစ်ကြည်ရေးအသင်း (CPA FFC) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ 

အဆိုပါ Logo ဒီဇိုင်း လက်ရာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် လက်ရာများကို logodesign2024 @139.com သို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၅) ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁) ရက်တွင် ဆုရရှိသူများကို ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆုအနေဖြင့် ပထမဆု (၁) ဦး (တရုတ်ယွမ်ငွေ ၃ သောင်း + ဂုဏ်ပြုလက်မှတ်)၊ ဒုတိယဆု (၂) ဦး(တရုတ်ယွမ်ငွေ (၁) သောင်း + ဂုဏ်ပြုလက်မှတ်) တတိယဆု (၅) ဦး (တရုတ်ယွမ်ငွေ ၅ ထောင် + ဂုဏ်ပြုလက်မှတ်) နှင့် ကျန်ပြိုင်ပွဲဝင်များကို ပါဝင်ယှဉ်ပြိုင်ခြင်း ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက [email protected] တွင် မေးမြန်းနိုင်သလို https://www.zcool.com.cn/… ChinaAseandesign2024/e_index တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here