ဒီပဲယင်း စစ်ရှောင်ပြည်သူ (၂၀၀) ကျော်အတွက် အနွေးထည်များ S,&C. အဖွဲ့ ထောက်ပံ့လှူဒါန်း

0
137

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ(၂၇၁) ဦးအတွက် အ‌နွေးထည်များကို စစ်ဘေးမီးဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ (S&C) က ဒီဇင်ဘာ (၂၉) ရက်တွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းမှုကိုမြေပြင်အထိသွား‌ရောက်၍ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ဘေး မီးဘေးသင့် ပြည်သူ(၁၅၉) ဦးအတွက် တစ်ကြိမ်၊ နောက်ထပ် စစ်ဘေး မီးဘေးသင့်ပြည်သူ (၁၁၂) ဦးအတွက် တစ်ကြိမ် စုစုပေါင်း (၂၇၁)ဦး တို့ကို နှစ်သုတ်ခွဲ၍ ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်း လှူဒါန်းမှုများသည် ဒီဇင်ဘာ
(၂၇) က S&C အဖွဲ့ထံသို့ ရောက်ရှိလာသော အနွေးထည် (၄၇၁)ထည်အား ခွဲဝေလှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။

စစ်ဘေးမီးဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့( S&C) အနေဖြင့် အညာဒေသရှိ စစ်ရှောင်ပြည်သူများလိုအပ်သည့်နေရာများတွင် ထောက်ပံ့ပေးလျက်ရှိပြီး၊ ပိုးထိလူနာ (၂၇)ဦး အတွက်လည်း မြွေဆိပ်ဖြေဆေးများ ထိုးနှံပေးခြင်းဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အညာဒေသ စစ်ရှောင်ပြည်သူများအတွက် တန်ဖိုးနည်းအိမ်အလုံးပေါင်း (၁,၀၁၅ )လုံးကိုလည်း ဆောက်လုပ်လှူဒါန်းထားပြီး၊ လက်ရှိတွင် ရွှေ့လျားနေအိမ်နှင့် ရွှေ့လျားစာကြည့်တိုက်များလှူဒါန်းပေးရန်စီစဉ်လျက်ရှိသည်။

အညာဒေသရှိ စစ်ရှောင်ပြည်သူများအနေဖြင့် တောထဲတောင်ထဲတွင် ဖြစ်သလိုနေထိုင်ကြရသဖြင့် ယင်းသို့‌သောလိုအပ်ချက်အား ဖြည့်ဆည်းပေးခြင်းဖြစ်ရာ စစ်ရှောင်များအဆင်ပြေစွာ အလွယ်တကူ ယာယီဆောက်လုပ်နေနိုင်မည်ဖြစ်ကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here