မိဘမဲ့ကလေးငယ် (၁၀၀)ကျော် စားသောက်ရေးအခက်အခဲအတွက် အလှူရှင်များ ဖိတ်ခေါ်

0
189

ရန်ကုန်မန္တလေး အမြန်လမ်း (၅၃) မိုင် (၅)ဖာလုံတွင် ဖွင့်လှစ်ထားရှိသော မေတ္တာကမ်းလက်ပရဟိတ မိဘမဲ့ကလေးများနှင့် မသန်စွမ်းကလေးငယ်များစောင့်ရှောက်ရေးကျောင်းရှိ ကလေးငယ်ပေါင်း (၁၃၅) ဦးသည် စားသောက်ရေးနှင့် ဆေးဝါးကုသမှုအတွက် အခက်အခဲဖြစ်ပေါ်နေသဖြင့် အလှူရှင်များ လိုအပ်နေကြောင်း ယင်း ကျောင်းတာဝန်ခံ ဆရာတော်က ပေါ်ပြူလာနယူးစ် သို့ မိန့်ကြားသည်။

ကလေးငယ်များအတွက် ပထမလိုအပ်ချက်သည် အစားအသောက် ခက်ခဲနေပြီး၊ ဒုတိယ လိုအပ်ချက်သည် ဆေးဝါးကုသမှု လိုအပ်ချက်များဖြစ်ကြောင်း ရှင်းပြသည်။

ကလေးငယ်များမှာ နို့စို့အရွယ်မှစ၍ KG တန်းအရွယ်ကလေးများဖြစ်ပြီး၊ကျောင်းသို့လာရောက်ခိုလှုံသော ကလေးငယ် ထက်ဝက်မှာ ရှမ်းပြည်နယ်အတွင်းမှ လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

အချို့သောကလေးငယ်အချို့မှာ မိဘရှိသော်လည်း ပညာသင်ကြားရန် စရိတ်မတတ်နိုင်သည့်အတွက် ကျောင်းသို့ လာရောက်အပ်နှံထားသော ကလေးငယ်များဖြစ်သည်။

” ဒီဇင်ဘာလအစပိုင်းကတည်းက ကလေးတွေ စားသောက်ရေးအတွက် ရိက္ခာပြတ်နေတာ။ ကျောင်းမှာရှိတဲ့ငွေလေးနဲ့ဘဲဝယ်ခြမ်းပြီးတော့ ကျွေးနေရတယ်။တစ်ရက်ကို ဆန်တစ်အိတ်ခွဲလောက်ကုန်တယ်” ဟု မိန့်သည်။

လိုအပ်လျက်ရှိသော စားသောက်ကုန်ပစ္စည်းများမှာ ဆန် ၊ ဆီ ၊ ကြာရှည်အထားခံမည့် အခြောက်အခြမ်းစားသောက်ကုန်များ လိုအပ်လျှက်ရှိသည်ဟုဆိုသည်။

တစ်ဦးခြင်းလှူဒါန်းမှုအနေဖြင့် မနက်အဆာပြေ (အာဟာရ) အတွက် တစ်သိန်းခွဲ၊ နေလည်စာအတွက် ကျပ်နှစ်သိန်း၊ ညနေစာအတွက် ကျပ်တစ်သိန်းခွဲ မျှကုန်ကျကြောင်း သိရသည်။ လှူဒါန်းမှုအတွက် အပိုင်းလိုက်ဖြစ်စေ ၊ တတ်နိုင်သ၍ဖြစ်စေ လှူဒါန်းနိုင်ကြောင်း သိရသည်။

လှုဒါန်းလိုသူများအနေဖြင့် မေတ္တာကမ်းလက်ပရဟိတမိဘမဲ့ကလေးများနှင့်မသန်စွမ်းကလေးငယ်များစောင့်ရှောက်ရေးကျောင်း(ရန်ကုန်မန္တလေး အမြန်လမ်း ၅၃ မိုင် ၅ ဖာလုံ)သို့ဖြစ်စေ၊ ဖုန်းနံပါတ် 09449999536၊ 09692233730 သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here