စင်ကာပူရောက် မြန်မာလုပ်သားများ Pay2Home ဖြင့်ငွေလွှဲနိုင်

0
241

စင်ကာပူရောက် မြန်မာလုပ်သားများအနေဖြင့် CB Bank ၏ Pay2Home ဖြင့် ငွေလွှဲပို့နိုင်ကြောင်း အဆိုပါဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

Pay2Home ဖြင့် ငွေလွှဲမည်ဆိုပါက Application ကနေတဆင့် အလွယ်တကူ လွှဲပို့နိုင်သလို Pay2Home Money Transfer Machine (MTM) ကို အသုံးပြု၍လည်း CB Bank သို့ အချိန်နှောင့်နှေးကြန့်ကြာမှုမရှိဘဲ Special Account နှင့် Normal Savings Account များအတွင်းသို့ လွှဲပို့နိုင်ကြောင်း သိရသည်။

ယင်းသို့လွှဲပို့ရာတွင် မှတ်ပုံတင်နှင့် လျှို့ဝှက်ကုတ် (၇) လုံးပြပြီး CB Bank ၏ဘဏ်ခွဲတိုင်းတွင်လည်း လွယ်ကူစွာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Pay2Home Application ကို Play Store တွင်ဒေါင်းလုတ်ပြုလုပ်၍ အသုံးပြုနိုင်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပရောက် မြန်မာလုပ်သားများအနေဖြင့် လစာဝင်ငွေ၏ (၂၅) ရာခိုင်နှုန်းကို သတ်မှတ်ထားသည့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် တရားဝင်ငွေလွှဲရန် အသိပေးထားခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here