စဉ်ကိုင်မြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

0
107

မန္တလေးတိုင်းဒေသကြီး၊ စဉ်ကိုင်မြို့တွင် အင်အား ရစ်(ခ်) တာစကေး (၃.၅) အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာ (၃၁) ရက်၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၇) မိနစ်၊ (၃၉)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း စဉ့်ကိုင်မြို့၏ အရှေ့မြောက်ဘက် (၄) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃) ဒီ ဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်) တာ စကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here