တောင်တရုတ်ပင်လယ် တင်းမာမှုတွေအပေါ် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပြောဆို

0
122

တောင်တရုတ်ပင်လယ်ဒေသမှာ တင်းမာမှုတွေ ကြီးထွားလာတဲ့ အပေါ် စိုးရိမ်တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ကြပြီး ဒီအရေးဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်ကြောင်းနဲ့ သက်ဆိုင်ရာ ဘက်အသီးသီးအနေနဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့ ၎င်းတို့က တိုက်တွန်းခဲ့ပါတယ်။

“ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကို ထိခိုက်စေနိုင်တဲ့ မကြာခင်က တောင်တရုတ်ပင်လယ်ဒေသမှာ ဖြစ်ပျက်လာမှုတွေအပေါ် စိုးရိမ်ပူပန်မှုနဲ့ ကျနော်တို့ ဂရုတစိုက်စောင့်ကြည့်နေပါတယ်” လို့ အာဆီယံရဲ့ ထိပ်တန်းသံတမန်တွေက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ကြပါတယ်။

မကြာခင်လများအတွင်း တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ပင်လယ်ရေကြောင်းဆိုင်ရာ ဖြတ်သန်းသွားလာမှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေ အသီးသီးလုပ်ခဲ့ကြပြီးနောက် အာဆီယံရဲ့ ထုတ်ပြန်ချက်ထွက်လာတာပါ။ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းချက်တွေ အခြေမလှတဲ့ လမ်းကြောင်းကို ဦးတည်လာအပြီး ၎င်းတို့ရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲဖို့လိုအပ်နေတယ်လို့ မနီလာကသတင်းကို ကိုးကားကာ ဖော်ပြခဲ့ပါတယ်။

တရုတ်ကတော့ စွပ်စွဲချက်တွေဟာ လိမ်လည်လှည့်ဖြားမှု သက်သက်သာဖြစ်တယ်လို့ ဆိုခဲ့ပြီး ဖိလစ်ပိုင်ရဲ့ ထပ်ခါထပ်ခါ ရန်စမှုတွေနဲ့ နှောင့်ယှက်မှုတွေအပေါ် မျက်ကွယ်ပြုနေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အငြင်းပွားမှုတွေ အရှိန်မြင့်လာစေမယ့် သို့မဟုတ် မကျေနပ်ချက်တွေဖြစ်လာစေမယ့် အပြုအမူလုပ်ဆောင်ချက်တွေကို ကိုယ်တိုင် စောင့်ထိန်းကြဖို့ လိုအပ်တယ်ဆိုတာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြုပါကြောင်းလည်း ဆိုခဲ့ပါတယ်။

“ဒေသတွင်း တည်ငြိမ်ရေးနဲ့ ပင်လယ်ရေကြောင်းပိုင်နက်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးမှာ အပြုသဘောဆောင်သော ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးကြမှုရဲ့ အရေးပါမှုကို မိမိတို့ ထပ်လောင်းအတည်ပြုပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အာဆီယံနဲ့ တရုတ်တို့ဟာ ၂၀၂၂ ခုနှစ်မှစတင်ကာ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတစ်ခု ချမှတ်ဖော်ဆောင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ သို့ပေမယ့် ယင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ ဘက်အသီးသီးက ကတိပြုခဲ့ကြသော်ငြား တိုးတက်မှုဟာ နှောင့်နှေးနေခဲ့တယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here