မြန်မာ့ရွှေအချောထည်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်၌ ရောင်းချမှုပိုမိုလုပ်ဆောင်လာ

0
193

မြန်မာ့ရွှေအချောထည် ပစ္စည်းများအား ကမ္ဘာ့ဈေးကွက်၌ ရောင်းချမှုများပိုမိုလုပ်ဆောင်လာကြကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကမ္ဘာ့ဈေးကွက်က ပြည်ပအော်ဒါလာတာတွေရှိတယ်။ အော်ဒါလာတာတွေကို ဒီကလုပ်ပြီး တင်ပို့တယ်။ နောက်တစ်ခုက ပြည်ပနိုင်ငံတွေမှာ ကျောက်မျက်ရောင်းချတဲ့ပွဲတော်တွေရှိပါတယ်။ အဲဒီပွဲတွေမှာလည်း ရောင်းချကြတယ်။ အခုက တင်ပို့ဖို့ အဆင်ပြေသွားတယ်။ ရွှေနဲ့ပတ်သက်တဲ့ ပို့ကုန်အားလုံးက အကောက်အခွန်က ဇီးရိုးဖြစ်သွားတယ်။ အရင်တုန်းကတော့ ကုန်သွယ်ခွန်တို့၊ အမြတ်ခွန်တို့ရှိတယ်။ ဇီးရိုးဖြစ်တော့ အရင်တုန်းကလို အခွန်မဆောင်ရတော့ ပို့တဲ့သူအားလုံးက ပို့နိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပသို့ တလုံးတခဲဖြင့် တင်ပို့ခြင်း မဟုတ်ဘဲ နည်းနည်း ချင်းဆီ တင်ပို့နေကြကြောင်းလည်း သိရသည်။

ပြည်တွင်းရွှေဈေးကွက်အနေဖြင့် နယ်စပ်ဖြတ်ကျော်မှုများမရှိဘဲ ပြည်တွင်း၌သာ ရောင်းလိုအား၊ ဝယ်လိုအားအရ အတက်အကျအနည်းငယ်ရှိပြီး လက်ရှိ အခြေအနေတွင် ရွှေတွင်းများမှ ရွှေထွက်လာခြင်းကြောင့် အကျဘက်သို့သွားကာ နေ့စဉ်ဈေးကျလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ဈေးနှုန်းထက်ပင် ဈေးကွက်၌ အကျဘက်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here