ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်အရှေ့ ယာဉ်တိုက်မှုဖြစ်ပွား၊ အနီရောင်အဆင့် လူနာ(၈)ဦး စစ်ဆေးရုံသို့ပို့ဆောင်ထားရှိ

0
193

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးအကျဉ်းထောင်အရှေ၌ ယမန်နေ့ ဒီဇင်ဘာ (၃၀)ရက် ညနေ (၆)နာရီအချိန်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ၊ အနီရောင်အဆင့် လူနာ(၈)ဦး တောင်ကလေး စစ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)ထံ က သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် အကျဉ်းထောင်အရှေ့ရပ်ထားသောကျောက်တင်ယာဉ်ကို အနောက်မှဝင်ရောက်တိုက်မိခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်မိတဲ့အချိန်က မှောင်နေတယ်။ယာဉ်မောင်းကတော့လက်ကျိုးသွားတယ်။ ခေါင်းတွေထိသွားတယ်။ ကျန်တဲ့လူနာတွေကတော့ ခေါင်းတွေ ၊မျက်လုံးတွေဖူးယောင်ကုန်တယ်။မကွဲဘဲနဲ့ဖူးယောင်နေတော့ အားလုံးဓာတ်မှန်ရိုက်ထားရတယ်။”ဟု ဆိုသည်။

ယာဉ်တိုက်မှုကြောင့် အနီရောင်အဆင့် အမျိုးသား(၄)၊ အမျိုးသမီး(၄)ဦး၊ အစိန်းရောင်အဆင့် လူနာ (၃)တို့ကို အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

ထိခိုက်လူနာများအား အရောင်များဖြင့်သတ်မှတ်ရာ၌ အနက်ရောင်အဆင့်သည် ပြင်းထန် ‌ေ-သလုမျောပါးလူနာကို သတ်မှတ်ပြီး၊ အနီရောင်အဆင့်လူနာမှာ ကျိုးကြေပြ-တ်ရှ ထိခိုက်မှုများကို သတ်မှတ်ကြောင်း နှင့် အစိမ်းရောင်အဆင့်လူနာမှာ ပွန်းပဲဒဏ်ရာ ရရှိမှုကို သတ်မှတ်ကြောင်း မြန်မာနိုင်ငံလူမှုကူညီရေူအဖွဲ့ (ဘားအံ) က ရှင်းပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here