ကျိုက်လတ်မှ ရန်ကုန်သို့ ငါးမြစ်ချင်းပိဿာချိန် ၈၅၀၀၀ ဝင်ရောက်ထား

0
258

ဧရာဝတီတိုင်းဒေသကြီး၊ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ငါးမြစ်ချင်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃ဝ ရက်တွင် ငါးမြစ်ချင်း ပိဿာချိန် ၃၀၀၀၀ ထိ တိုးမြှင့်တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံများမှသိရသည်။

“လက်ရှိ ဒီဇင်ဘာလထဲမှာလည်း ရန်ကုန်ဈေးကွက်က ဝယ်ယူမှု အားကောင်းနေပါတယ်။ ရေထွက်ကုန်တွေကို ကုန်းလမ်းခရီးက အဆင်ပြေလို့ ကုန်တင်ယာဉ်တွေနဲ့ အများဆုံးတင်ပို့ရောင်းချနေပါတယ်”ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေး က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျ စစ်ဆေးသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ ကုန်တင်ယာဉ်များဖြင့် အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ငါးမြစ်ချင်း ၁ဝ ပိဿာလျှင် ငွေကျပ် ၈၅ဝ၀ဝ ထိ ဈေးပေါက်နေပြီး ငါးမြစ်ချင်းများကို ကျိုက်လတ်မြို့နယ် လှိုင်းတာကျေးရွာ၊ ရုံးဒေါင့်ကျေးရွာ၊ ပတ်တာကျေးရွာ၊ ဖောင်ရိုးချောင်းကျေးရွာတို့မှ အများဆုံးထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here