ဒီဇယ်ဆီစျေးတက်သဖြင့် ရထားလက်မှတ်ခနှုန်းထား တိုးမြင့်သတ်မှတ်

0
291

ဒီဇယ်ဆီစျေးတိုးမြင့်လာမှုကြောင့် မော်လမြိုင် အခြေပြုပြေးဆွဲသည့် ရထားလက်မှတ်ခနှုန်းထားများကို တိုးမြင့်သတ်မှတ်ထားကြောင်း မော်လမြိုင်ဘူတာမှ အသိပေးကြေညာထားသည်။

လက်ရှိဆီစျေးနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လက်မှတ်ခနှုန်းထားများကို ဇန်နဝါရီလမှ စတင်ကာတိုးမြင့်ရန်လိုအပ်လာသဖြင့် နှုန်းထားအသစ်ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးထားသည်။

ပြောင်းလဲသတ်မှတ်လိုက်သည့် လေအိတ်ရထား အထက်တန်း မော်လမြိုင်- ရန်ကုန် ၁၁၀၀၀ ကျပ်၊ မော်လမြိုင်-ပဲခူး ၈၀၀၀ ကျပ်၊ မော်လမြိုင်-ဝေါ ၇၀၀၀ ကျပ်၊ မော်လမြိုင် -သိမ်ဇရပ် ၆၀၀၀ ကျပ်၊ မော်လမြိုင်-မုပ္ပလင် ၆၀၀၀ ကျပ်၊ မော်လမြိုင်-ကျိုက္ကသာ ၆၀၀၀ ကျပ်၊ မော်လမြိုင်-ကျိုက်ထို ၅၀၀၀ ကျပ်၊ မော်လမြိုင်-မရမ်းကုန်း ၅၀၀၀ ကျပ် ၊ မော်လမြိုင်-တောင်စွန်း ၅၀၀၀ ကျပ်၊ မော်လမြိုင်-နှင်းပုလဲ ၄၀၀၀ ကျပ်၊ မော်လမြိုင်-သိမ်ဆိပ် ၃၀၀၀ကျပ်မော်လမြိုင်-သထုံ ၃၀၀၀ကျပ်၊ မော်လမြိုင်-ရင်ငြိမ်း ၂၀၀၀ကျပ်၊ မော်လမြိုင် – ဇင်းကျိုက် ၂၀၀၀ကျပ်၊ မော်လမြိုင်-ပေါင် ၂၀၀၀ ကျပ် မော်လမြိုင် – မုတ္တမ ၁၀၀၀ ကျပ် အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

ထို့အပြင် လေအိတ်ရထား ရိုးရိုးတန်း၊ ရိုးရိုးရထား (AAR) အထက်တန်း၊ ရိုးရိုးရထား(AAR) ရိုးရိုးတန်း များ၏လက်မှတ်နှုန်းထားများကိုလည်း ပြင်ဆင်သတ်မှတ်ထားကြောင်း သိရသည်။

လေအိတ်ရထားကို ဇန်နဝါရီလအတွင်း (စုံ)ရက်များတွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရိုးရိုးရထား AAR ကို (မ)ရက် များအတွင်း တစ်လှည့်စီပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here