၂၀၂၄ တွင် သူလျှိုဂြိုလ်တု ၃ လုံးကို ထပ်မံလွှတ်တင်ပြီး၊ နျူကလီယားပစ္စည်းများ တိုးမြှင့်ထုတ်လုပ်မည်ဟု ကင်ဂျုံအွန် ကတိပေး

0
232

၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ဖက်ဆိုင်ရာ သူလျှိုဂြိုဟ်တု ၃ လုံးကို ထပ်မံလွှတ်တင်ရန်၊ နျူကလီယားပစ္စည်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်ရန် နှင့် ခေတ်မီတိုက်ခိုက်ရေးဒရုန်းများထုတ်လုပ်ရန်တို့ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကတိပေးပြီး အမေရိကန်ဦးဆောင်သည့် အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်မှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ အဓိကအာဏာရ အလုပ်သမားပါတီအစည်းအဝေးတွင် ကင်ဂျုံအွန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်၏ ပြောကြားချက်များအရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲများမတိုင်မီ လက်နက်စမ်းသပ်မှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သည့် နိုင်ငံများက မြောက်ကိုရီးယားကို ဆန့်ကျင်သည့် ပြင်းထန်သော လှုပ်ရှားမှုများသည် သမိုင်းတွင် မကြုံစဖူး အစွန်းဆုံးသို့ ရောက်ရှိခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အား နျူစစ်ပွဲကို တွန်းပို့နေကြောင်း၊ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု တိုးချဲ့ခြင်းအပြင်၊ ဗုံးကြဲလေယာဉ်များနှင့် နျူလက်နက်သုံး ရေငုပ်သင်္ဘောများကဲ့သို့သော အင်အားကြီး အမေရိကန် စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများအား တောင်ကိုရီးယားတွင် ယာယီချထားခြင်းအား ကိုးကား၍ ယင်းလုပ်ရပ်များသည့် ပြီးခဲ့သောနှစ်ကတည်းက မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ဦးဆောင်သည့် နိုင်ငံများက လုပ်ဆောင်ခဲ့သည့် ခြေလှမ်းများဖြစ်ကြောင်း၊ အစရှိသည်တို့ကိုပါ စနေနေ့က ပြီးဆုံးခဲ့သည့် အဓိကအာဏာရ အလုပ်သမားပါတီ၏ ငါးရက်ကြာ အစည်းအဝေးတွင် ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here