လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၀ ကျပ်တန် အထူးထုတ် တံဆိပ်ခေါင်းသစ် သုံးမျိုးရောင်းချပေးမည်

0
214

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀ ကျပ်တန် အထူးထုတ် တံဆိပ်ခေါင်းသစ် သုံးမျိုးရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

“(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ ၄ ရက် (ကြာသပတေးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here