၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း၌ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း (၃၀၀) ကျော် ‌ေ-သဆုံး

0
126

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁)ရက်မှ နိုဝင်ဘာလကုန် (၁၁) လတာ ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ (၃၈၇) ဦးအထိရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ(၁)ရက်မှ နိုဝင်ဘာလကုန်အထိ (၁၁) လတာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း (၇၇၈) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၈၃၇)ဦးနှင့် ‌ေ-သဆုံးသူ (၃၈၇)ဦး ရှိခဲ့ကြောင်း သိရသည်။

တိုင်းနှင့် ပြည်နယ်များအလိုက် အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားမှုနှင့် ‌ေ-သဆုံးမှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ကာ မန္တလေးတိုင်း ဒေသကြီးသည် တတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၌ ယာဉ်မတော်တဆမှု (၆၈၇) ကြိမ်ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု (၆၀၇) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here