နှစ်စဉ် ဝါးလုံးရေ ၃၀၁ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်း ထုတ်လုပ် တင်ပို့မှုမှ ပြည်ပဝင်ငွေ ရှာဖွေနေ

0
189

မြန်မာနိုင်ငံတွင်နှစ်စဉ် ဝါးလုံးရေ ၃၀၁ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်း ထုတ်လုပ်နိုင်ပြီး ဝါးနှင့် ကြိမ်အချောထည် တင်ပို့မှုမှ ပြည်ပဝင်ငွေ ရှာဖွေပေးနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့ စိမ်းလဲ့ရေကြည်ခန်းမ၌ ကြိမ်/ဝါး အချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဝါးနှင့်ကြိမ် အချောထည်ပစ္စည်းများကို ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပစျေးကွက်အထိ တင်ပို့၍ ပြည်တွင်းပြည်ပဝင်ငွေများ ရှာဖွေပေးနေသည့်အပြင် ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ကြိမ်နှင့်ဝါးအချောထည် MSME များ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဖြစ်ပြီး နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး၊ ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသောကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ဌာနနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်တွင်းမှ ထွက်ရှိသော ကြိမ်အချောထည်ပစ္စည်းများ၊ ကြိမ်လုံး၊ ဝါးခြမ်း၊ ဝါးလုံးနှင့် ဝါးဖျာ စသည့် ကြိမ်၊ ဝါးကုန် ကြမ်းများနှင့် အချောထည်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြိမ်၊ ဝါးကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံ များ၊ အာဆီယံနိုင်ငံများ၊ အာရှ၊ ဥရောပနှင့် တောင်အာဖရိကနိုင်ငံများသို့ နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေ ကြောင်းတို့မှတဆင့် တင်ပို့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here