နှစ်သစ်ကူးညတွင် သင်္ဃန်းကျွန်း၊ ကမာကြည်တံတားပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူနှစ်ဦး ထိခိုက်ဒဏ်ရာရ

0
146

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်တံတားပေါ်တွင် ယမန်နေ့ ဒီဇင်ဘာ (၃၁)ရက် ညပိုင်းက ယာဉ်တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏလမ်းဆုံအနီး၊ အောင်ဆုပန်ရပ်ကွက်ထိပ် ကမာကြည်တံတားပေါ်တွင် နှစ်သစ်ကူးည ဒီဇင်ဘာ (၃၁)ရက် ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အသင်းမှ သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။

“နှစ်သစ်ကူးည ယာဉ်နှစ်စီး တိုက်မိတယ်ဆိုတဲ့ သတင်းအရ အသင်းက ယာဉ်နဲ့ Volunteer တွေ ထွက်ခွာကူညီပြီး ထိခိုက်ဒဏ်ရာရ လူနာနှစ်ဦးကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ကူညီခဲ့ပါတယ်။”ဟု Medical လူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်နှစ်စီးတိုက်မိပြီး ထိခိုက်လူနာ (၂) ဦးအား မြေပြင်ဆေးကုသမှုပေးပြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ် ဇန်နဝါရီ(၁)ရက် မှ နိုဝင်ဘာလကုန် (၁၁) လတာ ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ (၃၈၇) ဦးအထိရှိခဲ့ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး မောင်းနှင်ကြရန် မြို့ခံများက လိုလားလျက်ရှိကြောင်း ပြောဆိုကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here