(၅၈) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှ ကျပ်သိန်း ၅၀၀၀ ဆုကို ဆ ၄၂၈၀၈၈ နံပါတ်မှ ဆွတ်ခူး

0
312

ယနေ့ဖွင့်လှစ်သည့် (၅၈) ကြိမ်မြောက် အောင်ဘာလေထီမှ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ ဆုကို (ဆ ၄၂၈၀၈၈) နံပါတ်မှ ဆွတ်ခူးခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှကြေညာခဲ့သည်။

ထို့အပြင် ကျပ်သိန်း ၂၀၀၀ ဆုကို (ဂ ၂၁၀၃၁၀)နှင့် ကျပ်သိန်း ၁၀၀၀ ဆုကို (စ ၈၄၃၃၄၇) တို့မှရရှိခဲ့ကြောင်း သိရသည်။

၅၈ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခ ရာအထိ ထီစာအုပ်အရေအတွက် ၅၅၂၂၇၆ အုပ်ရောင်းချထားပြီး ယင်းမှ ရငွေ ၅ ဒသမ ၅၂ ဘီလီယံကျော်ရရှိထားခြင်းဖြစ်သည်။

၅၈ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၅,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀ ,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ် ၂၄၂ ဒသမ ၅၃၀ သန်း မှ ကျပ်ဆယ်သိန်း ငါးဆု၊ ကျပ်သုံးသိန်း ၁၀ ဆု၊ ကျပ်နှစ်သိန်း ၄၀၀ ဆု၊ ကျပ်တစ်သိန်း ၁၀၀၀ ဆု တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here