အလုပ်အကိုင် (၂၀၀) နေရာ ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒီဇင်ဘာလအတွင်း ပဲခူးတိုင်းသို့ ဝင်ရောက်

0
138

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ အလုပ်အကိုင်အခွင့်အလမ်း (၂၀၀) ဖန်တီးပေးနိုင်မည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ဝင်ရောက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။

အဆိုပါ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၉၈ သိန်း ဖြစ်ကြောင်း သိရသည်။

စက်ရုံလုပ်ငန်းများ ထူထောင်ရာတွင် သတ်မှတ်ထားသည့် စက်မှုဇုန်အတွင်း၌သာ ဦးစားပေး ခွင့်ပြုပေးသွားရမည်ဖြစ်ပြီး တည်ဆောက်ဆဲစက်ရုံများနှင့် ခွင့်ပြုချက်/လိုင်စင်ရရှိရေး စောင့်ဆိုင်းနေရသည့် စက်မှုလုပ်ငန်းများအတွက် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် စက်ရုံလည်ပတ်ချိန်အတွင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးသွားရမည်ဟုပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ စာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၈.၀၁၅ သန်းနှင့် မြန်မာကျပ်ငွေ ၇၅၄၅၆.၂၇၅သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၁၄၈၁ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here